- လျှောက်လှမ်းခဲ့တဲ့ ဘဝလမ်းကို အသိဉာဏ်လေးနှင့်နောက်ပြန်ကြည့်တဲ့အခါဒီလမ်းတွေဟာသံသရာထဲမှာအနည်းဆုံးတော့၁ခေါက်မကလျှောက်ခဲ့ရပြီးပြီဆိုတာသိလိုက်ပြီ။
- အရင်ကလည်းဒီလမ်းမှာဒီလိုဘဲလျှောက်ဖူးခဲ့ပါ၏။ဒီလိုဘဲပြောခဲ့ဖူးပါ၏။ဒီလိုဘဲတွေးခဲ့ဖူးပါ၏။ဒီလိုဘဲကိလေသာဂျေးတွေပေခဲ့ဖူးပါ၏။ဒီလိုဘဲမှားခဲ့ဖူးပါ၏။
- ယခုလည်းဒီလိုဘဲထပ်လျှောက်၊ထပ်ပြော၊ထပ်တွေး၊ထပ်ပေ၊ထပ်မှားဆိုရင်ကိုယ်ညံ့ရာကျမည်။
- ရရှိလာတဲ့အကျိုးတရားကိုချိတ်ဆက်ဆင်ခြင်ကြည့်တော့ပြုခဲ့ဖူးတဲ့အကြောင်းတရားအချို့ကိုမှီသလောက်ဉာဏ်အထွာလေးနဲ့ဆ,မိသည်။
- "ဆရာဝန်အသိုင်းအဝိုင်းကဆရာဝန်လောင်းတစ်ယောက်၊အင်ဂျင်နီယာအသိုင်းအဝိုင်းကအင်ဂျင်နီယာလောင်းတစ်ယောက်ထပ်မံပေါက်ဖွားဖို့ကလွယ်ပါတယ်"ဟူသောဆရာတစ်ယောက်ရဲ့လမ်းညွှန်စကားနားထဲပြန်ကြားမိသည်။
- ဘယ်အရာမဆိုသမရိုးကျမဟုတ်သောဖောက်ထွက်မှုသည်သာမာန်အင်အားနဲ့တော့ရမည်မထင်လေနဲ့။
- ခိုင်မာမြဲမြံသောသတိတရားကိုလက်ကိုင်ထားပြီးကျော်ဖြတ်ဖို့အဖန်ဖန်အထပ်ထပ်နှလုံးသွင်းဆင်ခြင်မိလေသည်။
- ဆက်လက်လှည့်လည်ကူးခက်ဖို့အားထုတ်ရင်မောရတာနှင့်စာလျှင်ဖြတ်ထွက်လွတ်မြောက်ရုန်းကန်ဖို့ကြိုးကုပ်ရင်မောရတာကိုတော့များစွာဝမ်းမြောက်နှစ်ခြိုက်မိလေတော့သည်။
အသျှင်ကောဝိဒသိရီ
၂၄ဧပြီ၂၀၂၀
နံနက်-၉:၂၅မိနစ်
"ယောနိသောမနသိကာရ"တရားတော်နာအပြီး။
No comments:
Post a Comment