Friday, 6 September 2019

Freedom is beyond good and bad




#Unicode

FREEDOM IS BEYOND GOOD AND BAD 

        အထက်ပါစကားစုလေးကိုစာရေးသူသာသနာ့ဘောင်သို့ဝင်ပြီးလအနည်းငယ်အကြာကဖတ်မိခဲ့သည်။နှလုံးသားထဲအသိဉာဏ်ထဲသို့ထဲထဲဝင်ဝင်ရောက်ရှိလာသောစကားစုလေးပင်။မိမိကိုယ်တိုင်မှာဆောက်တည်ရာမရစိတ်ဓာတ်ပိုင်းဆိုင်ရာကစဉ့်ကလျားဖြစ်၍စိတ်၏ငြိမ်းချမ်းမှုကိုအသည်းအသန်ရှာဖွေနေချိန်အမှတ်မထင်ဖတ်လိုက်ရသောထိုစကားစုလေး၏ကျေးဇူးကားအင်မတန်ကြီးမားလှသည်။  ယနေ့ထိတိုင်အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးနေဆဲ၊အကျိုးများနေဆဲတရားဖြစ်သည်။

FREEDOM IS BEYOND GOOD AND BAD 

      "လွတ်လပ်ငြိမ်းချမ်းမှုဆိုတာဟာကောင်းခြင်းတွေဆိုးခြင်းတွေရဲ့အကျော်လွန်မှာ” ဒီလိုပဲရိုးရိုးပြောကြစို့ရဲ့။ဒီတော့လွတ်လပ်မှုဆိုတာဘာလဲ။ကောင်းခြင်းဆိုးခြင်းတွေကရောဘာတွေလဲပေါ့။ဘာကိုကောင်းတယ်ခေါ်ပြီးဘာကိုဆိုးတယ်ခေါ်သလဲ။

#ဘဝဖော်အနှောင်အဖွဲ့
     လောကလူတွေဟာ ရရှိလာတဲ့မိမိတို့တစ်ဘ၀တာခရီးကို လျှောက်လှမ်းကြတဲ့အခါမှာ ဘဝါဘဝက ပြုကျင့်အားထုတ်ခဲ့ဖူး၍ အရှိန်အဟုန်ပြင်းစွာ စွဲပါလာခဲ့သော  အထုံဝါသနာများအလျောက် တစ်ဦးတစ်ယောက်တည်း နေ့လေ့မရှိဘဲ(ဝါမနေနိုင်ဘဲဘဝဖော်၊ အနှောင်အဖွဲ့တွေနှင့် သွားတတ်ကြတယ်။

#အနှောင်အဖွဲ့(၁၀)ပါး
        မိလိန္ဒမင်းကြီးဟာ အရှင်နာဂသိန်ကို လောကမှာအနှောင်အဖွဲ့ မည်မျှရှိကြောင်းမေးလျှောက်တဲ့အခါ အနှောင်အဖွဲ့(၁၀)ပါးရှိကြောင်းဖြေကြားပါတယ်။(အမိ()အဖ ()မယား ()သားသမီး ()ဆွေမျိုး ()မိတ်ဆွေ ()ပစ္စည်းဥစ္စာ ()လာဘ်ပူဇော်သက္ကာရ ()အစိုးရခြင်း (၁၀)ကာမဂုဏ်ငါးပါး တို့ဖြစ်ပါတယ်။ သတ္တဝါတို့သည် ထိုအနှောင်အဖွဲ့များကို မရသေးလျှင်ရှာသည်။ ရရှိလာလျှင်ပြန်မစွန့်လွှတ်တော့ပြီ။ အခါအားလျော်စွာ ထိုပြင်ပအနှောင်အဖွဲ့များမရှိသည့်တိုင် တဏှာဒုတိယောပုရိသောဒီဃမဒ္ဓါနသံသရံ ဆိုသည့်အတိုင်း တဏှာတည်းဟူသောမိမိစိတ်သန္တာန်ရှိ တဏှာကိလေသာအဖော်နှင့်နှစ်ပါးသွားပြန်ကြသည်။ အချုပ်အားဖြင့်ဆိုသော်သံသရာတွင်းဝယ် အစဉ်သဖြင့်လိုက်ပါလာသော တဏှာတည်းဟူသော လောဘကိလေသာ၏ ရှေ့ဆောင်ခေါ်ငင်မှုနောက်သို့ မမောမပမ်းနိုင်တကောက်ကောက်လိုက်နေကြရင်း တစ်ခုမဟုတ်တစ်ခုကိုစွဲကိုင်ထားကြသည်။

#အနုသယ၏ဖက်တွယ်ငြိကပ်မှု
     များစွာသောလူတွေသည် တောအရပ်ထက် မြို့ကြီးပြကြီးမှာ နေလိုသည်။ မြို့ကြီးတွင်နေသော သူပင်လျှင်လူနေကျဲသောရပ်ကွက်ထက် လူထူထပ်သောရပ်ကွက်၌ နေလိုသည်။ လူထူသောနေရာများထက် လူ ပြည့်ကျပ်နေသောပွဲလမ်းသဘင်၌ ပိုမိုခင်မင်ကြလေသည်။  ဤသည်ကိုကြည့်ခြင်းအားဖြင့်လူအများသည်ပျော်ရွှင်နှစ်သက်စရာ စိတ်အာရုံများကို အမြဲလိုလားတောင့်တနေသည်မှာ အင်မတန်ထင်ရှားကြသည်။အသက်အရွယ်အလိုက် အကြိုက်ပြောင်းလဲစေကာမူ လိုချင်တောင့်တမှုအရင်းခံမှာ မပြောင်းလဲပေ။ ရုပ်ပိုင်းဆိုင်ရာလိုချင်တပ်မက်မှုများ၊ စိတ်ပိုင်းဆိုင်ရာလိုချင်တပ်မက်မှုများနောက် တစ်ကောက်ကောက်လိုက်ပါကြသည်။ ရရှိလာလျှင်ကျေနပ်ပျော်ရွှင်ကြသည်။ တစ်ဖန် ပိုမိုကောင်းမွန်သည်ကို အသစ်ထပ်မံ ရှာဖွေကြပြန်သည်။အလျဉ်းသင့်၍သံသဂ္ဂ(ငြိတွယ်ခြင်း၊ရောယှက်ခြင်း၅မျိုးဖော်ပြချင်သည်။

သံသဂ္ဂ()ပါး
၁။သဝနသံသဂ္ဂ(ကြားရာ၌ငြိတွယ်ရောယှက်ခြင်း)
၂။ဒသနသံသဂ္ဂ(မြင်ရာ၌ငြိတွယ်ရောယှက်ခြင်း)
၃။သမုလ္လပနာသံသဂ္ဂ(အတူတကွပြောဆိုရာ၌ငြိတွယ်ရောယှက်ခြင်း)
၄။သမ္ဘောဂသံသဂ္ဂ(သူတစ်ပါး၏ပစ္စည်းသုံးဆောင်ရာ၌ငြိတွယ်ရောယှက်ခြင်း)
၅။ကာယသံသဂ္ဂ(ကိုယ်ချင်းထိတွေ့ရာ၌ငြိတွယ်ရောယှက်ခြင်း)
  လူသားတွေဟာ ဒီငြိတွယ်ခြင်းတွေမှာ အစဉ်သဖြင့်ငြိတွယ်မိနေကြသည်။ ဤသို့ငြိတွယ်ရောယှက်နေရခြင်းကို မီးကိုတိုးသောဖလံနှယ် ပျော်ရွှင်ခုံမင်မက်မောလျှက်ရှိကြသည်။ ဤသည်ကိုပင်အဝိဇ္ဇာအရင်းခံတဏှာခြံရံသော အနုသယ၏ဖက်တွယ်ထားမှုဖြစ်ပေသည်။

#တဏှာအလျဉ်

“ယေရာဂရတ္တာနုပတန္တိသောတံ၊
သယံကတံစက္ကဋကောဝဇာလံ။
ဧတမ္ပိဆေတွာနဝဇန္တိဓီရာ၊
နာပေက္ခိနောသဗ္ဗဒုက္ခံပဟာယ။”

  ဂါထာရဲ့အဓိပ္ပါယ်ဆိုလိုရင်းကတော့ "ပင့်ကူဟာမိမိပြုလုပ်တဲ့ချည်မျှင်ကွန်ရက်မှာအစဉ်လျှောက်ပြီးသွားနေသလို သတ္တဝါများဟာလည်း ရာဂဖြင့်တပ်မက်ခြင်းရှိသည့် အတွက် မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ တဏှာအလျဉ်မှာ လျှောက်ပြီးနေကြတယ်။ အဲဒိတဏှာအလျဉ်မှာ ဖွား၊တဏှာအလျဉ်မှာ နေပြီး တဏှာအလျဉ်မှာဘဲ သေကြရတယ်၊ဆင်းရဲသည်ကို ဆင်းရဲမှန်း သိပြီးသိနိုင်စွမ်းရှိတဲ့ပညာရှင်တို့သည်သာ ဒီတဏှာကွန်ရက်ကို ဖြတ်တောက်ဖယ်ရှားနိုင်တယ်

#ချစ်သံယောဇဉ်

   ထိုသို့အာရုံများကျက်စားရာ၊ မိမိမှီတည်အားကိုးရာဖြစ်သော ဘဝအဖော်များနှင့်လက်တွဲအဆင်ပြေနေခိုက်တွင် ထိုအဖော်များအပေါ် လိုချင်တပ်မက်မှုချစ်သံယောဇဉ်ကြိုးများ ချည်နှောင်ထားမိကြသည်။ တစ်ချစ်ပြီးတစ်ချစ် တစ်ရစ်ပြီးတစ်ရစ် အထပ်ထပ်ချည်နှောင်ထားကြလေတော့သည်။

#မုန်းသံယောဇဉ်
   ထိုမှတစ်ဖန်ကံ အကြောင်းတရားတို့ဖန်လာ၍  ထိုဘဝအဖော်များနှင့်ကွဲကွာသွားပါမူလည်း  ၀မ်းနည်းမှု၊  ပူဆွေးမှု၊တမ်းတမှု၊သတိရမှုအမျှင်များ  တန်းကြပြန်သည်။  အချို့မှာ  ဘဝပျက်သွားသည်အထိပင်အဖတ်ဆည်မရဖြစ်သွားသည်များလည်းရှိသည်။ချစ်သံယောဇဉ်အားကြီးခဲ့သလောက်မုန်းသံယောဇဉ်ခါးသီးကြပြန်သည်။မုန်းသံယောဇဉ်စိတ်သန္တာန်တို့ဝင်ရောက်လာခဲ့ပြီဆိုလျှင်ပူလောင်ညစ်နွမ်းသောဒေါသကိလေသာကြိုးများရစ်ပတ်လျှက်ချစ်သံယောဇဉ်ထက်ပင်ခိုင်မြဲသည်ထင်ရလောက်အောင်ငြိကပ်ကြ
ပြန်သည်။
  
#တရားခံ
      ဤကဲ့သို့ပင်လောကလူသားအများစုမှာထိုကြိုးမျှင်များနှင့်ပင်မျောက်စေးနှဲပမာကပ်လိုက်ခွာလိုက်နှင့်ပင်အကပ်သံသရာ၊အခွာသံသရာကျင်လည်ကြသည်မှာတစ်ဘဝလုံးနီးပါးဖြစ်လေတော့သည်။စစ်မှန်သောပြီးပြည့်စုံမှု၊ထိုထိုအနှောင်အဖွဲ့များမှလွတ်လပ်ငြိမ်းအေးမှုကိုမရှာဖွေနိုင်ဘဲရှိသည်။ထိုသည်များထက်အဆိုးဆုံးမှာလွတ်လပ်ငြိမ်းချမ်းမှုစစ်စစ်ရှိမှန်းပင်မသိကြလေ။စင်စစ်ထိုချုပ်နှောင်ခံရမှုများမှာအဝိဇ္ဇာတည်းဟူသောမောဟ(သို့)အမှန်မသိခြင်းများဖုံးကွယ်ထားမှုကြောင့်ဖြစ်သည်။

#လွတ်လပ်မှု
     "Freedom is Beyond Good And Bad" 
စကားစုလေးသည်တိုသလောက်စာရေးသူအတွက်တော့ထိမိအကျိုးများခဲ့သည်။အထက်ပါအချုပ်အနှောင်များ၏ကင်းငြိမ်းရာလွတ်လပ်မှုအစစ်အမှန်ကိုဖော်ပြနေသည်။မှန်ကန်တည့်မတ်စွာအသုံးချနိုင်ရန်သာလိုအပ်သည်။


#မှန်ကန်သောနှလုံးသွင်းမှု
    ဤကဲ့သို့ဆိုလျှင်ဘဝဖော်များကိုတိမ်းရှောင်ဖယ်ခွာရမည်လောဟု၍ထင်စရာရှိသည်။အနှောင်အဖွဲ့များကိုအလုံးစုံမဖယ်ရှားနိုင်သည့်တိုင်တွေ့ကြုံထိတွေ့ရသောအာရုံများအပေါ်ရှိအမြင်ပြောင်းလဲခြင်းဖြင့်မှန်ကန်စွာနှလုံးသွင်းရန်ဖြစ်သည်။
အကောင်းအဆိုးများကိုကျော်လွှားနည်းမျိုးစုံရှိရာဤတွင်အာယတနတရားများဖြင့်ကျော်လွှားနည်းကိုဖော်ပြချင်ပါသည်။

#အာယတနများအားဆင်ခြင်ပုံ

အာယတနဆိုသည်မှာစိတ်၊စေတသိက်တို့၏ဖြစ်ခြင်းအကြောင်းတရားများဖြစ်ပါတယ်။ထိုအာယတနများသည်မိမိ၏ကိုယ်(အဇ္ဈတ္တ)မှာ၆ခုရှိပြီးပြင်ပ(ဗဟိဒ္ဓ).မှာ၆ခုရှိပါတယ်။အတွင်းအာယတနများကိုဒွါရဟုခေါ်ပြီးအပြင်အာယတနများကိုအာရုံဟုခေါ်ပါတယ်။ထိုဒွါရနှင့်အာရုံများထိတွေ့တိုက်ဆိုင်ရာမှမောဟဖုံးလွှမ်းသောစိတ်သည်အယောနိသောမနသိကာရ(မှားယွင်းစွာနှလုံးသွင်းမှု).ကြောင့်ကောင်းသည်ဆိုးသည်ယူဆကြသည်။ဆင်ခြင်ပုံမှာအကောင်းအဆိုးကျော်လွှားမည့်ပုဂ္ဂိုလ်သည်မိမိ၏မျက်စိ(စက္ခာယတန)ကိုသိရမည်။စက္ခာယတနတွင်ထိတွေ့မည့်အဆင်းအမျိုးမျိုး(ရူပါယတန)ကိုသိရမည်။စက္ခာယတနနှင့်ရူပါယတနထိတွေ့မှုမှဖြစ်ပေါ်လာသောမြင်သိစိတ်(စက္ခုဝိညာဏ်)ကိုသိရမည်။ 
ထို့အတူမိမိ၏နား(သောတာယတန)ကိုသိရမည်။သောတာယတနတွင်ထိတွေ့မည့်အသံအမျိုးမျိုး(သဒ္ဒါယတန)ကိုသိရမည်။သောတာယတနနှင့်သဒ္ဒါယတနထိတွေ့မှုမှဖြစ်ပေါ်လာသောကြားသိစိတ်(သောတဝိညာဏ်)ကိုသိရမည်။ 
မိမိ၏နှာ(ဃာနာယတန)ကိုသိရမည်။ဃာနာယတနတွင်ထိတွေ့မည့်အနံ့အမျိုးမျိုး(ဂန္ဓာယတန)ကိုသိရမည်။ဃာနာယတနနှင့်ဂန္ဓာယတနထိတွေ့မှုမှဖြစ်ပေါ်လာသောနံသိစိတ်(ဃာနဝိညာဏ်)ကိုသိရမည်။ 

မိမိ၏လျှာ(ဇိဝှာယတန)ကိုသိရမည်။ဇိဝှာယတနတွင်ထိတွေ့မည့်အရသာအမျိုးမျိုး(ရသာယတန)ကိုသိရမည်။ဇိဝှာယတနနှင့်ရသာယတနထိတွေ့မှုမှဖြစ်ပေါ်လာသောလျှက်သိစိတ်(ဇိဝှာဝိညာဏ်)ကိုသိရမည်။ 

မိမိ၏ကိုယ်ကာယ(ကာယာယတန)ကိုသိရမည်။ကာယာယတနတွင်ထိတွေ့မည့်အထိအတွေ့အမျိုးမျိုး(ဖောဋ္ဌဗ္ဗာယတန)ကိုသိရမည်။ကာယာယတနနှင့်ဖောဋ္ဌဗ္ဗာယတနထိတွေ့မှုမှဖြစ်ပေါ်လာသောတွေ့ထိသိစိတ်(ကာယဝိညာဏ်)ကိုသိရမည်။ 

မိမိ၏စိတ်(မနာယတန)ကိုသိရမည်။မနာယတနတွင်ထိတွေ့မည့်အကြံအစည်အမျိုးမျိုး(ဓမ္မာယတန)ကိုသိရမည်။မနာယတနနှင့်ဓမ္မာယတနထိတွေ့မှုမှဖြစ်ပေါ်လာသောကြားသိစိတ်(မနောဝိညာဏ်)ကိုသိရမည်။ 

ဤကဲသို့အတွင်းအယတန()ပါးနှင့်၎င်းတို့မှာတိုက်ဆိုင်မည့်အပြင်အာယတန()ပါး၊အာယတန(၁၂)လုံးကိုထိတွေ့တိုက်ဆိုင်တိုင်းသိပေးမှတ်ပေးရပါမည်။ဖြစ်ပေါ်လာသောဝိညာဏ်စိတ်()ပါးကိုလည်းထပ်တိုးဆင်ခြင်မည်ဆိုလျှင်ဓာတ်(၁၈)ပါးဆင်ခြင်သည်မည်ပါတယ်။ထိုအာယတန၊ဓာတ်သဘောတရားများကိုဆင်ခြင်အားကောင်းလာသောပုဂ္ဂိုလ်၏သန္တာန်တွင်သဘာဝသဘောတရားများကိုကောင်းသည်၊ကျေနပ်စရာကောင်းသည်၊နှစ်သက်စရာကောင်းသည်ဟူ၍ဆုပ်ကိုင်မိမည်မဟုတ်ဘဲထိုသဘောတရားများသည်သဘာဝအလျှောက်သူ့သဘောအားလျှော်စွာထိတွေ့တိုက်ဆိုင်ခြင်းဖြစ်သည်။ဖက်တွယ်ထားစရာများမဟုတ်၊အသုံးချရုံသက်သက်သာဖြစ်သည်ဆိုသည်ကိုမိမိ၏ဉာဏ်အမြင်တွင်ကိုယ်တိုင်သိသာထင်ရှားလာပါမည်။တစ်ခါဆိုးသည်၊ဒေါသထွက်စရာကောင်းသည်၊မုန်းစရာကောင်းသည်ဟူ၍ဆုပ်ကိုင်မိမည်မဟုတ်ဘဲထိုသဘောတရားများသည်သဘာဝအလျှောက်သူ့သဘောအားလျှော်စွာထိတွေ့တိုက်ဆိုင်ခြင်းဖြစ်သည်။ဖက်တွယ်ထားစရာများမဟုတ်၊အသုံးချရုံသက်သက်သာဖြစ်သည်ဆိုသည်ကိုမိမိ၏ဉာဏ်အမြင်တွင်ကိုယ်တိုင်သိသာထင်ရှားလာပါမည်။ 

#တစ်စိတ်တစ်အာရုံ

 သတ္တဝါတို့၏စိတ်အစဉ်သည်စိတ်တစ်ခု၌တစ်အာရုံသာညွတ်ကိုင်းကြသည်။တစ်ချိန်တည်းတစ်စိတ်တည်းဖြင့်အာရုံ()ပါးစလုံးမလက်ခံနိုင်။မြင်သိစိတ်ဖြစ်လျှင်ကြားသိစိတ်မဖြစ်နိုင်၊ထို့အတူကြားသိစိတ်ဖြစ်လျှင်ကျန်သောစိတ်()ပါးမဖြစ်နိုင်။ဥပမာဆိုရသော်အဝေးပြေးလမ်းမကြီးပေါ်တွင်မောင်းနေသောကား၏ဘီးတာယာနှင့်တူပေသည်။တာယာ၏မျက်နှာပြင်ပတ်လည်ပမာဏသည်ကြီးမားသော်လည်းလမ်းနှင့်ထိတွေ့နေသည်မှာထိုတာယာမျက်နှာပြင်၏လက်မအနည်းငယ်ပမာဏမျှသာရှိသည်။ထို့အတူအာယတနများဆင်ခြင်နေသောပုဂ္ဂိလ်၏သန္တာန်၌လည်းသဘာဝတရားများသာ
သိစိတ်ဖြစ်ပေါ်နေပြီးလောဘဒေါသစသောအကောင်းအဆိုးတရားများကင်းကွာနေပေသည်။ဤသည်ကိုပင်ကောင်းခြင်းဆိုးခြင်းတရားများကိုအာယတနတရားများကိုစောင့်ကြည့်ပွားများ၍ကောင်းခြင်းဆိုးခြင်းတရားများကိုကျော်လွှားနေခြင်းမည်ပါသည်။
     ထိုကဲ့သို့ချစ်ခြင်းမုန်းခြင်းကောင်းခြင်းဆိုးခြင်းတရားများကိုမတုန်လှုပ်သောသတိစွမ်းအားစိတ်ဓာတ်စွမ်းအားဖြင့်နှလုံးသွင်းနိုင်ခြင်းသည်ပင်ဥပေက္ခာတရားမည်၏။ထိုဥပေက္ခာတရားနှလုံးမသွင်းနိုင်ဘဲကောင်းခြင်းဆိုးခြင်းအစွန်းနှစ်ဖက်သို့ရောက်ရှိသောမိမိတို့၏စိတ်အစဉ်၌တည်ငြိမ်မှန်ကန်သောလွတ်လပ်မှုကိုမရရှိဘဲ  အတက်အကျပြင်းထန်စွာတုန်လှုပ်နေကြပေလိမ့်ဦးမည်။

    သို့တည်းကြောင့်ငြင်းပယ်၍မရပိုင်ဆိုင်လာခဲ့ရပြီဖြစ်သောလက်ရှိခန္ဓာလက်ရှိဘဝတွင်မည်သည့်လောကဓမ္မတရားပဲကြုံတွေ့ရသည်ဖြစ်စေကောင်း၏ဆိုး၏ဟူသောမိမိစိတ်၏စေခိုင်းရာနောက်သို့မလိုက်ဘဲထိုကောင်းခြင်းဆိုခြင်းတွေရဲ့အကျော်လွန်ဆုံးတစ်နေရာမှာစစ်မှန်သောလွတ်လပ်မှုကိုမြင်အောင်ကြည့်ရှူနိုင်ပြီးလျှင်ထိုလွတ်လပ်မှုအစစ်ကိုရယူနိုင်ကြပါစေကုန်သတည်း။


    မဟာပုည



#Zawgyi

FREEDOM IS BEYOND GOOD AND BAD 

        အထက္ပါစကားစုေလးကိုစာေရးသူသာသနာ့ေဘာင္သို႔ဝင္ၿပီးလအနည္းငယ္အၾကာကဖတ္မိခဲ့သည္။ႏွလုံးသားထဲအသိဉာဏ္ထဲသို႔ထဲထဲဝင္ဝင္ေရာက္ရွိလာေသာစကားစုေလးပင္။မိမိကိုယ္တိုင္မွာေဆာက္တည္ရာမရစိတ္ဓာတ္ပိုင္းဆိုင္ရာကစဉ့္ကလ်ားျဖစ္၍စိတ္၏ၿငိမ္းခ်မ္းမွုကိုအသည္းအသန္ရွာေဖြေနခ်ိန္အမွတ္မထင္ဖတ္လိုက္ရေသာထိုစကားစုေလး၏ေက်းဇူးကားအင္မတန္ႀကီးမားလွသည္။  ယေန႔ထိတိုင္အတတ္နိုင္ဆုံးလိုက္နာက်င့္သုံးေနဆဲ၊အက်ိဳးမ်ားေနဆဲတရားျဖစ္သည္။

FREEDOM IS BEYOND GOOD AND BAD 

      "လြတ္လပ္ၿငိမ္းခ်မ္းမွုဆိုတာဟာေကာင္းျခင္းေတြဆိုးျခင္းေတြရဲ့အေက်ာ္လြန္မွာ” ဒီလိုပဲရိုးရိုးေျပာၾကစို႔ရဲ့။ဒီေတာ့လြတ္လပ္မွုဆိုတာဘာလဲ။ေကာင္းျခင္းဆိုးျခင္းေတြကေရာဘာေတြလဲေပါ့။ဘာကိုေကာင္းတယ္ေခၚၿပီးဘာကိုဆိုးတယ္ေခၚသလဲ။

#ဘဝေဖာ္အေႏွာင္အဖြဲ႕
     ေလာကလူေတြဟာရရွိလာတဲ့မိမိတို႔တစ္ဘ၀တာခရီးကိုေလၽွာက္လွမ္းၾကတဲ့အခါမွာဘဝါဘဝကျပဳက်င့္အားထုတ္ခဲ့ဖူး၍အရွိန္အဟုန္ျပင္းစြာစြဲပါလာခဲ့ေသာ  အထုံဝါသနာမ်ားအေလ်ာက္တစ္ဦးတစ္ေယာက္တည္းေန႔ေလ့မရွိဘဲ(ဝါမေနနိုင္ဘဲဘဝေဖာ္၊အေႏွာင္အဖြဲ႕ေတြႏွင့္သြားတတ္ၾကတယ္။


#အေႏွာင္အဖြဲ႕(၁၀)ပါး

        မိလိႏၵမင္းႀကီးဟာအရွင္နာဂသိန္ကိုေလာကမွာအေႏွာင္အဖြဲ႕မည္မၽွရွိေၾကာင္းေမးေလၽွာက္တဲ့အခါအေႏွာင္အဖြဲ႕(၁၀)ပါးရွိေၾကာင္းေျဖၾကားပါတယ္။(အမိ()အဖ()မယား()သားသမီး()ေဆြမ်ိဳး()မိတ္ေဆြ()ပစၥည္းဥစၥာ()လာဘ္ပူေဇာ္သကၠာရ()အစိုးရျခင္း(၁၀)ကာမဂုဏ္ငါးပါးတို႔ျဖစ္ပါတယ္။ထိုအေႏွာင္အဖြဲ႕မ်ားကိုမရေသးလၽွင္ရွာသည္။ရရွိလာလၽွင္ျပန္မစြန႔္လႊတ္ေတာ့ၿပီ။အခါအားေလ်ာ္စြာထိုျပင္ပအေႏွာင္အဖြဲ႕မ်ားမရွိသည့္တိုင္တဏွာဒုတိေယာပုရိေသာဒီဃမဒၶါနသံသရံ” ဆိုသည့္အတိုင္းတဏွာတည္းဟူေသာမိမိစိတ္သႏၲာန္ရွိတဏွာကိေလသာအေဖာ္ႏွင့္ႏွစ္ပါးသြားျပန္ၾကသည္။အခ်ဳပ္အားျဖင့္ဆိုေသာ္သံသရာတြင္းဝယ္အစဥ္သျဖင့္လိုက္ပါလာေသာတဏွာတည္းဟူေသာေလာဘကိေလသာ၏ေရွ႕ေဆာင္ေခၚငင္မွုေနာက္သို႔မေမာမပမ္းနိုင္တေကာက္ေကာက္လိုက္ေနၾကရင္းတစ္ခုမဟုတ္တစ္ခုကိုစြဲကိုင္ထားၾကသည္။

#အႏုသယ၏ဖက္တြယ္ၿငိကပ္မွု

     မ်ားစြာေသာလူေတြသည္ေတာအရပ္ထက္ၿမိဳ႕ႀကီးျပႀကီးမွာေနလိုသည္။ၿမိဳ႕ႀကီးတြင္ေနေသာသူပင္လၽွင္လူေနက်ဲေသာရပ္ကြက္ထက္လူထူထပ္ေသာရပ္ကြက္၌ေနလိုသည္။လူထူေသာေနရာမ်ားထပ္လူျပည့္က်ပ္ေနေသာပြဲလမ္းသဘင္သို႔ပိုမိုခုံမင္ၾကေလသည္။  ဤသည္ကိုၾကည့္ျခင္းအားျဖင့္လူအမ်ားသည္ေပ်ာ္ရႊင္ႏွစ္သက္စရာစိတ္အာ႐ုံမ်ားကိုအျမဲလိုလားေတာင့္တေနသည္မွာအင္မတန္ထင္ရွားၾကသည္။အသက္အရြယ္အလိုက္အႀကိဳက္ေျပာင္းလဲေစကာမူလိုခ်င္ေတာင့္တမွုအရင္းခံမွာမေျပာင္းလဲေပ။႐ုပ္ပိုင္းဆိုင္ရာလိုခ်င္တပ္မက္မွုမ်ား၊စိတ္ပိုင္းဆိုင္ရာလိုခ်င္တပ္မက္မွုမ်ားေနာက္တစ္ေကာက္ေကာက္လိုက္ပါၾကသည္။ရရွိလာလၽွင္ေက်နပ္ေပ်ာ္ရႊင္ၾကသည္။တစ္ဖန္ပိုမိုေကာင္းမြန္သည္ကိုအသစ္ထပ္မံရွာေဖြၾကျပန္သည္။အလ်ဥ္းသင့္၍သံသဂၢ(ၿငိတြယ္ျခင္း၊ေရာယွက္ျခင္း၅မ်ိဳးေဖာ္ျပခ်င္သည္။

သံသဂၢ()ပါး
၁။သဝနသံသဂၢ(ၾကားရာ၌ၿငိတြယ္ေရာယွက္ျခင္း)
၂။ဒသနသံသဂၢ(ျမင္ရာ၌ၿငိတယ္ေရာယွက္ျခင္း)
၃။သမုလႅပနာသံသဂၢ(အတူတကြေျပာဆိုရာ၌ၿငိတြယ္ေရာယွက္ျခင္း)
၄။သေမၻာဂသံသဂၢ(သူတစ္ပါး၏ပစၥည္းသုံးေဆာင္ရာ၌ၿငိတြယ္ေရာယွက္ျခင္း)
၅။ကာယသံသဂၢ(ကိုယ္ခ်င္းထိေတြ႕ရာ၌ၿငိတြယ္ေရာယွက္ျခင္း)

လူသားေတြဟာဒီၿငိတြယ္ျခင္းေတြမွာအစဥ္သျဖင့္ၿငိတြယ္မိေနၾကသည္။ဤသို႔ၿငိတြယ္ေရာယွက္ေနရသည္ကိုမီးကိုတိုးေသာဖလံႏွယ္ေပ်ာ္ရႊင္ခုံမင္မက္ေမာလၽွက္ရွိၾကသည္။ဤသည္ကိုပင္အဝိဇၨာအရင္းခံတဏွာၿခံရံေသာအႏုသယ၏ဖက္တြယ္ထားမွုျဖစ္ေပသည္။

#တဏွာအလ်ဥ္

ေယရာဂရတၱာႏုပတႏၲိေသာတံ၊
သယံကတံစကၠဋေကာဝဇာလံ။
ဧတမၸိေဆတြာနဝဇႏၲိဓီရာ၊
နာေပကၡိေနာသဗၺဒုကၡံပဟာယ။
ဂါထာရဲ့အဓိပၸါယ္ဆိုလိုရင္းကေတာ့"ပင့္ကူဟာမိမိျပဳလုပ္တဲ့ခ်ည္မၽွင္ကြန္ရက္မွာအစဥ္ေလၽွာက္ၿပီးသြားေနသလိုသတၱဝါမ်ားဟာလည္းရာဂျဖင့္တပ္မက္ျခင္းရွိသည့္အတြက္မိမိကိုယ္တိုင္ျပဳလုပ္ထားတဲ့တဏွာအလ်ဥ္မွာေလၽွာက္ၿပီးေနၾကတယ္။အဲဒိတဏွာအလ်ဥ္မွာဖြား၊တဏွာအလ်ဥ္မွာေနၿပီးတဏွာအလ်ဥ္မွာဘဲေသၾကရတယ္၊ဆင္းရဲသည္ကိုဆင္းရဲမွန္းသိၿပီးသိနိုင္စြမ္းရွိတဲ့ပညာရွင္တို႔သည္သာဒီတဏွာကြန္ရက္ကိုျဖတ္ေတာက္ဖယ္ရွားနိုင္တယ္

#ခ်စ္သံေယာဇဥ္

ထိုသို႔အာ႐ုံမ်ားက်က္စားရာ၊မိမိမွီတည္အားကိုးရာျဖစ္ေသာဘဝအေဖာ္မ်ားႏွင့္လက္တြဲအဆင္ေျပေနခိုက္တြင္ထိုအေဖာ္မ်ားအေပၚတြင္လိုခ်င္တပ္မက္မွုခ်စ္သံေယာဇဥ္ႀကိဳးမ်ားခ်ည္ေႏွာင္ထားမိၾကသည္။တစ္ခ်စ္ၿပီးတစ္ခ်စ္တစ္ရစ္ၿပီးတစ္ရစ္အထပ္ထပ္ခ်ည္ေႏွာင္ထားၾကေလေတာ့သည္။ 

#မုန္းသံေယာဇဥ္

ထိုမွတစ္ဖန္ကံအေၾကာင္းတရားတို႔ဖန္လာ၍  ထိုဘဝအေဖာ္မ်ားႏွင့္ကြဲကြာသြားပါမူလည္း၀မ္းနည္းမွု၊ပူေဆြးမွု၊တမ္းတမွု၊သတိရမွုအမၽွင္မ်ားတန္းၾကျပန္သည္။အခ်ိဳ႕မွာဘဝပ်က္သြားသည္အထိပင္အဖတ္ဆည္မရျဖစ္သြားသည္မ်ားလည္းရွိသည္။ခ်စ္သံေယာဇဥ္အားႀကီးခဲ့သေလာက္မုန္းသံေယာဇဥ္ခါးသီးၾကျပန္သည္။မုန္းသံေယာဇဥ္စိတ္သႏၲာန္တို႔ဝင္ေရာက္လာခဲ့ၿပီဆိုလၽွင္ပူေလာင္ညစ္ႏြမ္းေသာေဒါသကိေလသာႀကိဳးမ်ားရစ္ပတ္လၽွက္ခ်စ္သံေယာဇဥ္ထက္ပင္ခိုင္ျမဲသည္ထင္ရေလာက္ေအာင္ၿငိကပ္ၾကျပန္သည္။
  
#တရားခံ
      ဤကဲ့သို႔ပင္ေလာကလူသားအမ်ားစုမွာထိုႀကိဳးမၽွင္မ်ားႏွင့္ပင္ေမ်ာက္ေစးႏွဲပမာကပ္လိုက္ခြာလိုက္ႏွင့္ပင္အကပ္သံသရာ၊အခြာသံသရာက်င္လည္ၾကသည္မွာတစ္ဘဝလုံးနီးပါးျဖစ္ေလေတာ့သည္။စစ္မွန္ေသာၿပီးျပည့္စုံမွု၊ထိုထိုအေႏွာင္အဖြဲ႕မ်ားမွလြတ္လပ္ၿငိမ္းေအးမွုကိုမရွာေဖြနိုင္ဘဲရွိသည္။ထိုသည္မ်ားထက္အဆိုးဆုံးမွာလြတ္လပ္ၿငိမ္းခ်မ္းမွုစစ္စစ္ရွိမွန္းပင္မသိၾကေလ။စင္စစ္ထိုခ်ဳပ္ေႏွာင္ခံရမွုမ်ားမွာအဝိဇၨာတည္းဟူေသာေမာဟ(သို႔)အမွန္မသိျခင္းမ်ားဖုံးကြယ္ထားမွုေၾကာင့္ျဖစ္သည္။

#လြတ္လပ္မွု
     "Freedom is Beyond Good And Bad" 
စကားစုေလးသည္တိုသေလာက္စာေရးသူအတြက္ေတာ့ထိမိအက်ိဳးမ်ားခဲ့သည္။အထက္ပါအခ်ဳပ္အေႏွာင္မ်ား၏ကင္းၿငိမ္းရာလြတ္လပ္မွုအစစ္အမွန္ကိုေဖာ္ျပေနသည္။မွန္ကန္တည့္မတ္စြာအသုံးခ်နိုင္ရန္သာလိုအပ္သည္။

#မွန္ကန္ေသာႏွလုံးသြင္းမွု
        ဤကဲ့သို႔ဆိုလၽွင္ဘဝေဖာ္မ်ားကိုတိမ္းေရွာင္ဖယ္ခြာရမည္ေလာဟု၍ထင္စရာရွိသည္။အေႏွာင္အဖြဲ႕မ်ားကိုအလုံးစုံမဖယ္ရွားနိုင္သည့္တိုင္ေတြ႕ၾကဳံထိေတြ႕ရေသာအာ႐ုံမ်ားအေပၚရွိအျမင္ေျပာင္းလဲျခင္းျဖင့္မွန္ကန္စြာႏွလုံးသြင္းရန္ျဖစ္သည္။
အေကာင္းအဆိုးမ်ားကိုေက်ာ္လႊားနည္းမ်ိဳးစုံရွိရာဤတြင္အာယတနတရားမ်ားျဖင့္ေက်ာ္လႊားနည္းကိုေဖာ္ျပခ်င္ပါသည္။

#အာယတနမ်ားအားဆင္ျခင္ပုံ

အာယတနဆိုသည္မွာစိတ္၊ေစတသိက္တို႔၏ျဖစ္ျခင္းအေၾကာင္းတရားမ်ားျဖစ္ပါတယ္။ထိုအာယတနမ်ားသည္မိမိ၏ကိုယ္(အဇၩတၱ)မွာ၆ခုရွိၿပီးျပင္ပ(ဗဟိဒၶ).မွာ၆ခုရွိပါတယ္။အတြင္းအာယတနမ်ားကိုဒြါရဟုေခၚၿပီးအျပင္အာယတနမ်ားကိုအာ႐ုံဟုေခၚပါတယ္။ထိုဒြါရႏွင့္အာ႐ုံမ်ားထိေတြ႕တိုက္ဆိုင္ရာမွေမာဟဖုံးလႊမ္းေသာစိတ္သည္အေယာနိေသာမနသိကာရ(မွားယြင္းစြာႏွလုံးသြင္းမွု).ေၾကာင့္ေကာင္းသည္ဆိုးသည္ယူဆၾကသည္။ဆင္ျခင္ပုံမွာအေကာင္းအဆိုးေက်ာ္လႊားမည့္ပုဂၢိဳလ္သည္မိမိ၏မ်က္စိ(စကၡာယတန)ကိုသိရမည္။စကၡာယတနတြင္ထိေတြ႕မည့္အဆင္းအမ်ိဳးမ်ိဳး(႐ူပါယတန)ကိုသိရမည္။စကၡာယတနႏွင့္႐ူပါယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာျမင္သိစိတ္(စကၡဳဝိညာဏ္)ကိုသိရမည္။ 
ထို႔အတူမိမိ၏နား(ေသာတာယတန)ကိုသိရမည္။ေသာတာယတနတြင္ထိေတြ႕မည့္အသံအမ်ိဳးမ်ိဳး(သဒၵါယတန)ကိုသိရမည္။ေသာတာယတနႏွင့္သဒၵါယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာၾကားသိစိတ္(ေသာတဝိညာဏ္)ကိုသိရမည္။ 
မိမိ၏ႏွာ(ဃာနာယတန)ကိုသိရမည္။ဃာနာယတနတြင္ထိေတြ႕မည့္အနံ႔အမ်ိဳးမ်ိဳး(ဂႏၶာယတန)ကိုသိရမည္။ဃာနာယတနႏွင့္ဂႏၶာယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာနံသိစိတ္(ဃာနဝိညာဏ္)ကိုသိရမည္။ 

မိမိ၏လၽွာ(ဇိဝွာယတန)ကိုသိရမည္။ဇိဝွာယတနတြင္ထိေတြ႕မည့္အရသာအမ်ိဳးမ်ိဳး(ရသာယတန)ကိုသိရမည္။ဇိဝွာယတနႏွင့္ရသာယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာလၽွက္သိစိတ္(ဇိဝွာဝိညာဏ္)ကိုသိရမည္။ 

မိမိ၏ကိုယ္ကာယ(ကာယာယတန)ကိုသိရမည္။ကာယာယတနတြင္ထိေတြ႕မည့္အထိအေတြ႕အမ်ိဳးမ်ိဳး(ေဖာ႒ဗၺာယတန)ကိုသိရမည္။ကာယာယတနႏွင့္ေဖာ႒ဗၺာယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာေတြ႕ထိသိစိတ္(ကာယဝိညာဏ္)ကိုသိရမည္။ 

မိမိ၏စိတ္(မနာယတန)ကိုသိရမည္။မနာယတနတြင္ထိေတြ႕မည့္အႀကံအစည္အမ်ိဳးမ်ိဳး(ဓမၼာယတန)ကိုသိရမည္။မနာယတနႏွင့္ဓမၼာယတနထိေတြ႕မွုမွျဖစ္ေပၚလာေသာၾကားသိစိတ္(မေနာဝိညာဏ္)ကိုသိရမည္။ 

ဤကဲသို႔အတြင္းအယတန()ပါးႏွင့္၎တို႔မွာတိုက္ဆိုင္မည့္အျပင္အာယတန()ပါး၊အာယတန(၁၂)လုံးကိုထိေတြ႕တိုက္ဆိုင္တိုင္းသိေပးမွတ္ေပးရပါမည္။ျဖစ္ေပၚလာေသာဝိညာဏ္စိတ္()ပါးကိုလည္းထပ္တိုးဆင္ျခင္မည္ဆိုလၽွင္ဓာတ္(၁၈)ပါးဆင္ျခင္သည္မည္ပါတယ္။ထိုအာယတန၊ဓာတ္သေဘာတရားမ်ားကိုဆင္ျခင္အားေကာင္းလာေသာပုဂၢိဳလ္၏သႏၲာန္တြင္သဘာဝသေဘာတရားမ်ားကိုေကာင္းသည္၊ေက်နပ္စရာေကာင္းသည္၊ႏွစ္သက္စရာေကာင္းသည္ဟူ၍ဆုပ္ကိုင္မိမည္မဟုတ္ဘဲထိုသေဘာတရားမ်ားသည္သဘာဝအေလၽွာက္သူ႔သေဘာအားေလၽွာ္စြာထိေတြ႕တိုက္ဆိုင္ျခင္းျဖစ္သည္။ဖက္တြယ္ထားစရာမ်ားမဟုတ္၊အသုံးခ်႐ုံသက္သက္သာျဖစ္သည္ဆိုသည္ကိုမိမိ၏ဉာဏ္အျမင္တြင္ကိုယ္တိုင္သိသာထင္ရွားလာပါမည္။တစ္ခါဆိုးသည္၊ေဒါသထြက္စရာေကာင္းသည္၊မုန္းစရာေကာင္းသည္ဟူ၍ဆုပ္ကိုင္မိမည္မဟုတ္ဘဲထိုသေဘာတရားမ်ားသည္သဘာဝအေလၽွာက္သူ႔သေဘာအားေလၽွာ္စြာထိေတြ႕တိုက္ဆိုင္ျခင္းျဖစ္သည္။ဖက္တြယ္ထားစရာမ်ားမဟုတ္၊အသုံးခ်႐ုံသက္သက္သာျဖစ္သည္ဆိုသည္ကိုမိမိ၏ဉာဏ္အျမင္တြင္ကိုယ္တိုင္သိသာထင္ရွားလာပါမည္။ 

#တစ္စိတ္တစ္အာ႐ုံ

 သတၱဝါတို႔၏စိတ္အစဥ္သည္စိတ္တစ္ခု၌တစ္အာ႐ုံသာညြတ္ကိုင္းၾကသည္။တစ္ခ်ိန္တည္းတစ္စိတ္တည္းျဖင့္အာ႐ုံ()ပါးစလုံးမလက္ခံနိုင္။ျမင္သိစိတ္ျဖစ္လၽွင္ၾကားသိစိတ္မျဖစ္နိုင္၊ထို႔အတူၾကားသိစိတ္ျဖစ္လၽွင္က်န္ေသာစိတ္()ပါးမျဖစ္နိုင္။ဥပမာဆိုရေသာ္အေဝးေျပးလမ္းမႀကီးေပၚတြင္ေမာင္းေနေသာကား၏ဘီးတာယာႏွင့္တူေပသည္။တာယာ၏မ်က္ႏွာျပင္ပတ္လည္ပမာဏသည္ႀကီးမ်ားေသာ္လည္းလမ္းႏွင့္ထိေတြ႕ေနသည္မွာထိုတာယာမ်က္ႏွာျပင္၏လက္မအနည္းငယ္ပမာဏမၽွသာရွိသည္။ထို႔အတူအာယတနမ်ားဆင္ျခင္ေနေသာပုဂၢိလ္၏သႏၲာန္၌လည္းသဘာဝတရားမ်ားသာ
သိစိတ္ျဖစ္ေပၚေနၿပီးေလာဘေဒါသစေသာအေကာင္းအဆိုးတရားမ်ားကင္းကြာေနေပသည္။ဤသည္ကိုပင္ေကာင္းျခင္းဆိုးျခင္းတရားမ်ားကိုအာယတနတရားမ်ားကိုေစာင့္ၾကည့္ပြားမ်ား၍ေကာင္းျခင္းဆိုးျခင္းတရားမ်ားကိုေက်ာ္လႊားေနျခင္းမည္ပါသည္။
     ထိုကဲ့သို႔ခ်စ္ျခင္းမုန္းျခင္းေကာင္းျခင္းဆိုးျခင္းတရားမ်ားကိုမတုန္လွုပ္ေသာသတိစြမ္းအားစိတ္ဓာတ္စြမ္းအားျဖင့္ႏွလုံးသြင္းနိုင္ျခင္းသည္ပင္ဥေပကၡာတရားမည္၏။ထိုဥေပကၡာတရားႏွလုံးမသြင္းနိုင္ဘဲေကာင္းျခင္းဆိုးျခင္းအစြန္းႏွစ္ဖက္သို႔ေရာက္ရွိေသာမိမိတို႔၏စိတ္အစဥ္၌တည္ၿငိမ္မွန္ကန္ေသာလြတ္လပ္မွုကိုမရရွိဘဲ  အတက္အက်ျပင္းထန္စြာတုန္လွုပ္ေနၾကေပလိမ့္ဦးမည္။

    သို႔တည္းေၾကာင့္ျငင္းပယ္၍မရပိုင္ဆိုင္လာခဲ့ရၿပီျဖစ္ေသာလက္ရွိခႏၶာလက္ရွိဘဝတြင္မည္သည့္ေလာကဓမၼတရားပဲၾကဳံေတြ႕ရသည္ျဖစ္ေစေကာင္း၏ဆိုး၏ဟူေသာမိမိစိတ္၏ေစခိုင္းရာေနာက္သို႔မလိုက္ဘဲထိုေကာင္းျခင္းဆိုျခင္းေတြရဲ့အေက်ာ္လြန္ဆုံးတစ္ေနရာမွာစစ္မွန္ေသာလြတ္လပ္မွုကိုျမင္ေအာင္ၾကည့္ရွူနိုင္ၿပီးလၽွင္ထိုလြတ္လပ္မွုအစစ္ကိုရယူနိုင္ၾကပါေစကုန္သတည္း။


    မဟာပုည

No comments:

Post a Comment