သဗ္ဗိတိယော ဝိဝဇ္ဇန္တု
သောကော ရောဂေါ ဝိနဿတု
မာတေဘဝံ တွေန္တရာယာ
သုခီ ဒီဃာယုကော ဘဝ။
အဘိဝါဒန သီလိဿ
နိစ္စံ ဝုဍ္ဎ ပဇာယိနော
စတ္တာရော ဓမ္မ ဝတ္တန္တိ
အာယု ဝဏ္ဏော သုခံဗလံ။
သဗ္ဗိတိယော ဝိဝဇ္ဇန္တု-ဘေးရန်ခပ်သိမ်းတို့ကင်းငြိမ်းကြပါစေကုန်သတည်း။
သဗ္ဗသောကော ဝိနဿတု-စိုးရိမ်မှန်သမျှကင်းပျောက်ကြပါစေကုန်သတည်း။
သဗ္ဗရောဂေါ ဝိနဿတု-ရောဂါမှန်သမျှ ကင်းစင်လွင့်ပျောက် မထိမရောက် ရှိကြပါစေကုန်သတည်း။
တေ -သင်တို့တစ်တွေမှာ၊ အန္တရာယ- အန္တရာယ်တို့သည် ၊
မာဘဝန္တု- တစ်စုံတစ်ခုမျှမဖြစ်ကြပါစေကုန်သတည်း။
တုမှေ-သင်တို့တစ်တွေသည်၊
သုခီ-ကိုယ်ရောစိတ်ပါ ချမ်းချမ်းသာသာ ၊
အာရောဂျံ- အနာကင်းကွာ ကျန်းကျန်းမာမာ၊
ဒီဃာယုကံ- ရှည်သောအသက်ရှိကြကုန်သည် ၊
ဘဝ- ဘဝန္တု-ကောင်းစွာမသွေဖြစ်တော်မူကြပါစေကုန်သတည်း။
အဘိဝါဒန သီလိဿ-ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနှင့် မိဘဆရာကို ရိုသေမြတ်နိုး လက်ဆုံမိုး၍ရှိခိုးလေ့ရှိကြတဲ့ ပုဂ္ဂိုလ်တို့မှာ၊
နိစ္စံ- အမြဲတမ်း၊ ဝုဍ္ဎ ပဇာယိနော-ကြီးကုန် ကြီးကုန်သော ပုဂ္ဂိုလ်တို့ကို အရိုအသေတတ်တဲ့ ပုဂ္ဂိုလ်တို့မှာ၊
နိစ္စံ- အမြဲတမ်းသာလျှင်၊ စတ္တာရောဓမ္မာ-အကျိုးတရားလေးပါးတို့သည်၊
ဝတ္တန္တိ-တိုးပွားကုန်၏၊ ဝတ္တန္တု-တိုးပွားကြပါစေကုန်သတည်း။
အာယုစ - အသက်တမ်းရှည်ခြင်းလည်းကောင်း၊ ၊
ဝဏ္ဏောစ - ရုပ်အဆင်းလည်းကောင်း ၊
သုခံစ -ချမ်းသာခြင်းလည်းကောင်း ၊
ဗလံစ - ခွန်အားလည်းကောင်း ၊ အဲဒိလို လေးမျိုးသော အကျိုးတရားတို့သည်၊
ဝတ္တန္တိ- ဝတ္တန္တု- တစ်နေ့တစ်ခြား တက်လာတဲ့နေလို, တိုးလာတဲ့ရေလို တိုးပွားစည်ပင်ကြပါစေကုန်သတည်း။
No comments:
Post a Comment