လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။
ချစ်လျံဝေဝေ၊ ချစ်ဆွေတွေနဲ့၊
ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊
ကွဲရသည်မှာ၊ မလွဲသာတည့်။
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊
ပုခက်နဲ ့ပေ ဝေးလေလေ၍၊
နီးလျှင်ပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊
အကြောင်းမလျှော်၊ သုံးရက်ကျော်က၊
ပုပ်စော် ညှီနံ၊ ရန်တွေ့ပြန်သို့၊
အမှန်ချစ်သူ၊ မကပ် မူပဲ။၊
လစ်လျူရှုသုံး၊ တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊
ဆွေညာအများ၊ စွန့်ပယ်ရှား၍၊
သွားရအပြီး၊ လူမနီးတည့်၊
တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊
(ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊
စင်းစင်း အိပ်ကာ၊ မလှည့်သာပဲ၊
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့၊
သင်္ခါရချုံ၊ လောကီဘုံ၌၊ ခိုလှုံဝင်ခံ၊ ပုထုဇဉ်ကို၊
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊
လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အဝဝကို၊
နေ့ညမကွာ၊ ကြိုးစားရာသည်၊
ခေမာရောက်မှ၊ အေးမည်တည်း။
No comments:
Post a Comment