သတိကြီးစွာဖြင့် လျှောက်သွားရမည့် သင်္ခါရုပေက္ခာဉာဏ်လမ်း
-----------
ဤအပိုင်းကား သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိတို့ကို အထူးညီမျှအောင်
သတိဖြင့် အထူးကြိုးစားရမည့်အပိုင်း ဖြစ်သည်။ သဒ္ဓါ ၀ီရိယ သတိ
သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ ညီမျှပါမှ အရိယမဂ်ဉာဏ် အရိယ
ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။
နာမ်တရားတို့၏အပျက်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍
၀ိပဿနာရှုနေရာ၌ သင်္ခါရတရားတို့၏ အပျက်ကို အညီအမျှ
လျစ်လျူရှုမှု ဥပေက္ခာသဘောသို့ မဆိုက်ရောက်သေးမီ အချိန်အနည်း
ငယ်လောက်ကစ၍ ရှုကွက်များလည်း စုံလင်လာပြီဖြစ်ရကား ဓမ္မာရုံလိုင်း
ကုသိုလ်ဇောဝီထိ နာမ်တရားတို့ကိုသာ ဦးစားပေး၍ ၀ိပဿနာ ရှုနေပါ။
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက
ဤ အချိန်အခါမျိုးတွင် စျာနသမာပတ္တိ၀ီထိအတွင်း၌ တည်ရှိသော စျာနဓမ္မ
အမည်ရသည့် စျာန်နာမ်တရားတို့ကိုသာ ဦးစားပေး၍ ၀ိပဿနာ ရှုနေပါ။
လက္ခဏာရေးသုံးတန်တွင်လည်း အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစား
ပေး၍ အနတ္တလက္ခဏာယာဉ်တင်ကာ ၀ိပဿနာရှုနေပါ။
ထိုသို့ရှုရာ၌ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ၀ိပဿနာဘာဝနာ
စိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာမည် ဖြစ်ပေသည်။ ထိုအချိန်တွင်
ယောဂါ၀စရပုဂ္ဂိုလ်သည် အပြင်အသံစသည်ကို ကြားမှုမရှိတော့ပေ။ ထိုသို့
အသံစသည်ကို မကြားရတော့ဘဲ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ၀ိပဿနာဘာဝနာစိတ်သည်
ငြိမ်ဝပ်စွာကပ်၍ တည်လာပါက လှုပ်မရအောင်ငြိမ်လာပါက
၀ိပဿနာဘာဝနာစွမ်းအားသည် အထူးအားကောင်းလာပြီဖြစ်သည်။
ထိုအခါမျိုး၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရံခါ အဇ္ဈတ္တ ရံခါ
ဗဟိဒ္ဓရှုမှုကို ခေတ္တရပ်ဆိုင်း၍ အဇ္ဈတ္တ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင်
အဇ္ဈတ္တ၌၊ ဗဟိဒ္ဓ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ဗဟိဒ္ဓ၌၊ ရုပ်တရား၌
ဘာဝနာစိတ်သည် ငြိမ်နေလျှင် ရုပ်တရား၌၊ နာမ်တရား၌ ဘာဝနာစိတ်သည်
ငြိမ်နေလျှင် နာမ်တရား၌ -- မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေးရှုနေပါ။
ထိုသို့ရှုရာ၌ အချို့သော ယောဂါ၀စရပုဂ္ဂိုလ်တို့ကား ရုပ်နာမ်နှစ်မျိုး
လုံးကိုပင်တွဲ၍ ရှုနေရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က ရုပ်သက်
သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က နာမ်သက်သက်ကို
ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က အနိစ္စဟု ရှုရသည်ကို အချို့
က ဒုက္ခဟု ရှုရသည်ကို အချို့က အနတ္တဟု ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။
မိမိ ၀ိပဿနာရှု၍ ပိုကောင်းရာ သင်္ခါရတရားကို ရှု၍ ပိုကောင်းသည့်
လက္ခဏာရေး တစ်ပါးပါးကို တင်၍ ၀ိပဿနာ ရှုနိုင်သည်။
ထိုသို့ ရှုရာ၌အချို့ယောဂီများအဖို့ ရုပ်တရားများ၏ အပျက်ကို လုံးဝမမြင်တော့ဘဲ နာမ်
တရားတို့၏ အပျက်သက်သက်ကိုသာ တွေ့နေရတတ်သည်လည်း ရှိ၏။
ထိုအခါမျိုးတွင် နာမ်တရားတို့၏ အပျက်ကိုသာ လက္ခဏာယာဉ် တင်၍
ရှုရန် ဖြစ်သည်။ မတွေ့ရသော ရုပ်တရား၏ အပျက်ကို အထူးရှာဖွေ၍ မရှုပါနှင့်။
ထိုအချိန်အခါ၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော
နာမ်တရားများမှာလည်း များသောအားဖြင့် ၀ိပဿနာရှုနေသော မနော
ဒွါရိကဇောဝီထိစိတ်အစဉ်နှင့် ဘဝင်များသာ ဖြစ်တတ်ကြ၏။ ရှေ့စိတ်ကို
နောက်စိတ်ဖြင့် = ရှေ့ဝိပဿနာဝီထိကို နောက်ဝိပဿနာဝီထိဖြင့် တစ်ဖန်
ပြန်၍သာ ၀ိပဿနာရှုနေပါ။ အကယ်၍ သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော
နာမ်တရားများမှာ စျာနသမာပတ္တိ၀ီထိအတွင်း၌ တည်ရှိသော
နာမ်တရားများနှင့် ၀ိပဿနာဇောဝီထိ နာမ်တရားစုတို့သာ ဖြစ်တတ်ကြ၏။
ထိုအခါမျိုး၌ မိမိ ဦးစားပေးကာ ၀ိပဿနာရှုနေသော စျာန်နာမ်တရား
တို့ကိုလည်းကောင်း ရှုနေသော ၀ိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်း-
ကောင်း လက္ခဏာယာဉ်တင်၍ တွင်တွင်ကြီး ၀ိပဿနာ ဆက်ရှုနေပါ။ ဤ
အခါမျိုးတွင် သမထယာနိကပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ စျာန်နာမ်တရား
တို့ကို အနတ္တလက္ခဏာကို ဦးစားပေး၍ ၀ိပဿနာရှုပါက ပို၍ပို၍ ကောင်း
တတ်ပေသည်။
အချို့ယောဂီများကား ရုပ်နာမ်နှစ်မျိုးလုံး၏ အပျက်ကိုပင် မြင်နေရ
တတ်ပြန်၏။ ထိုအခါ ရုပ်တစ်လှည့် နာမ်တစ်လှည့် ဖြစ်စေ၊ ရုပ်နာမ်တွဲ၍
ဖြစ်စေ အပျက်သဘောကိုသာ အာရုံယူ၍ နှစ်ခြိုက်ရာ လက္ခဏာယာဉ်ကို
ဦးစားပေးလျက် ၀ိပဿနာ ဆက်ရှုနေပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း
တစ်ဖန်ပြန်၍ ၀ိပဿနာရှုပါ။
ဤသို့ နည်းအမျိုးမျိုးဖြင့် ၀ိပဿနာရှုခဲ့သော် ကာမ ရူပ အရူပတည်း
ဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ လျစ်လျူ
ရှုထားနိုင်မှု ဥပေက္ခာသဘောသည်လည်း ကောင်းစွာတည်နေမည် ဖြစ်
၏။ သင်္ခါရတရားတို့အပေါ်၌ စက်ဆုပ်မှု ပါဋိကုလျသဘောသည်လည်း
ကောင်းစွာတည်နေမည် ဖြစ်၏။
ဘယဥ္စ္စ္စ နန္ဒိိဥ္စ ၀ိိဟာယ သဗ္ဗ္ဗသင်္ခင်္ါရေသုုု ဥဒါသိိနော ဟောသိိိ မဇ္ဈတ္တေ္တာ။
(၀ိသုဒ္ဓိ၊၂၊၂၉၄။)
သင်္ခါရတို့၏အပြစ်ကို ကောင်းစွာမြင်သဖြင့် သင်္ခါရတို့မှ လွတ်မြောက်
လိုသော စိတ်ဓာတ်ဖြင့် သင်္ခါရတို့၏ အပျက်ကို လက္ခဏာယာဉ် အသီး
အသီးတင်၍ ၀ိပဿနာ ရှုနေသဖြင့် "ငါ-ငါ့ဟာ"ဟု စွဲယူထိုက်သော တစ်စုံ
တစ်ခုသော သင်္ခါရတရားကိုမျှ မမြင်တွေ့ရတော့သဖြင့် --
၁။ သင်္ခါရတို့ကို ကြောက်ရွံ့ခြင်း ဘယဟူသော အစွန်းတစ်ခု၊
၂။ သင်္ခါရတို့ကို နှစ်သက်ခြင်း တောင့်တခြင်း နန္ဒီဟူသော အစွန်းတစ်ခု
ဤ အစွန်းနှစ်ခုကိုပယ်၍ အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌
ဥဒါသိန်မူနိုင်ခြင်းသဘော အလယ်အလတ် လျစ်လျူထားနိုင်မှုသဘောသည်
ဖြစ်ပေါ်နေပေ၏။
ထိုယောဂါ၀စရပုဂ္ဂိုလ်၏ ဤဉာဏ်ကား သင်္ခါရုပေက္ခာဉာဏ်တည်း။
"ဖားအောက်တောရဆရာတော်"
No comments:
Post a Comment