Sunday, 1 December 2019

လယ်တီ ဆုံးမစာ ( လူမိုက်တို့ သွားရာလမ်း )


 ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
 ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးသည်
မိုဃ်းလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
 အမိုက်လေးပါး၊ အင်လေးပါးထက်၊
နင်က-ရာထောင်၊ မကမှောင်၏။

လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စ ရွှင်၏၊။
 မျက်မြင်လောက၊ ဤဘဝကား၊
ဒုက္ခ စင်းစင်း၊ ချမ်းသာကင်း၏၊

သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊
 အရူးပြင်ပြင်၊ နင့်ကိုထင်၏။
နင်နင့်ဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍာန်ကို၊
 နင့်ဉာဏ်မစူး၊ အခေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
 နေ့ရက်အပုံ၊ လွန်ခဲ့တုန်ပြီ၊

အာရုံ ၀တ္ထု၊ မီးစာစုဖြင့်၊ မှု့မှု့ရရ၊ နင်အားကျလည်း၊
 ဓားပြသေမင်း၊ သူတပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
 ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ရီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျှက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌
 တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
 တငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊
အစမဆုံး၊ အများဆုံးတည့်၊

အနှုန်းမပျက်၊ နောက်နရက်( ငရဲ )၀ယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
 နင့်လို လူမိုက်သွားလမ်းတည်း။

No comments:

Post a Comment