ဗုဒ္ဓမြတ်စွာသည် ပထမဦးဆုံး ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တော်တို့ကို ပဥ္စဝဂ္ဂီရဟန်းတို့အား ဟောတော်မူခဲ့ကြောင်း ဖော်ပြခဲ့ပေသည်။ ဘုရားသခင်သည် ပထမဦးဆုံး ဥပါသကာအဖြစ် တပုဿနှင့် ဘလ္လိက ညီနောင်တို့အား “ဒွေဝါစိကသရဏဂုံ” ပေးခဲ့ပြီးပေပြီ။
ဘုရားရှင်နှင့် ပထမဆုံးသောတွေ့ခဲ့သည့် အခြားပုဂ္ဂိုလ်တစ်ဦးကား မဟာဗောဓိနှင့် ဗာရာဏသီ မိဂဒါ၀နသို့ ကြွအသွားတွင် ဂယာအနီး လမ်းခရီး၌ “ဥပက” မည်သော အာဇီဝကတက္ကတွန်းနှင့် တွေ့ရသည်။ (အာ-ဇီဝက တက္ကတွန်း = ကိုယ်၌ အဝတ်မကပ် အချည်းတည်းနေသော တိတ္ထိ =Upaka, a maked ascetic) ဥပကာကား ပထမဆုံးဗုဒ္ဓနှင့်စကားဆိုရသော လူပုဂ္ဂိုလ်ဖြစ်ငြားလည်း ဘဝပါရမီကြောင့် တရားစကားကို ကြားရပါငြား ရဟန်းအဖြစ်မရခဲ့သေးပေ။ (သို့သော် ဗုဒ္ဓအား အမှတ်ထင်ထင် စွဲမြဲခဲ့ပြီး ရဟန်းဖြစ်ရန် ပါရမီရခဲ့လေတော့၏။)
မိမိတို့ငယ်စဉ်က “ဥပကဆာဝါ (စာပါဟုလည်း အရေးရှိသည်။ cepa = chawa) ဇာတ်ရုပ်များကို ဘုရားကြီးဝင်းအတွင်း ပြခန်း၌ ကြည့်ရဖူးသည်ကို ယခုအခါပြန်၍ အမှတ်ရ၏။ အထူးသဖြင့် သားကောင်ထမ်းနေသော မုတ်ဆိတ်မွေးနှင့် ဖရိုဖရဲအဘိုးကြီးတစ်ယောက်အနီး၌ ကလေးရင်ဝယ်ပိုက်လျက် ချော့နေသော မိန်းမတစ်ယောက်၏ ပုံကိုတွေ့ခဲ့ရဖူး၏။ ထိုဇာတ်ကြောင်းကို ဖခင်ဖြစ်သူက အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြခဲ့ဖူးလေသည်။ နောင်အခါ ဥပကာနှင့် မဆာဝါ ပုံပြင်ကလေးများနှင့် အကျွမ်းဝင်လာ၏။ ဇနီးငယ်ကလေးယူကာ သက်မွေးဝမ်းကျောင်း အတတ်ပညာမရှိ၍ ယောက္ခမမုဆိုးကြီးနောက်လိုက်ကာ သားထမ်းရောင်းဝယ်ရသော တက္ကတွန်းကြီး၏အဖြစ်ကို အမှတ်ရနေသည်။ မယားက ငြူငြူစူစူဖြင့် ကလေးချော့ရင်းစောင်းပိုက်သောတေးကို အမှတ်ရနေ၏။ “နင့်ဘရူးနှမ်း၊ ရဟန်းပေါ့ပျက်၊ ငါ့ကိုမက်၍၊ လူထွက်လာသည်၊ ပညာပေးတုန်း၊ ထမင်းဖြုန်းသည်၊ ခေါင်းတုံးပွဲ၏ သား” ဆိုပဲ။
ထိုစဉ်က ဗုဒ္ဓနှင့် ဥပကတွေ့ခန်းထက် မဆာဝါ၏ ကလေးချော့သီချင်းကို ပိုပြီးသဘောကျမှတ်မိခဲ့၏။ ယခုသော် ဥပက၏ဘဝသည် ရွှေစင်ရွှေခဲနှင့်တွေ့သော်လည်း မကောက်ယူခဲ့သော အသိမဲ့သူအဖြစ် တွေးမိလာ၏။ တကယ်တော့ ဗုဒ္ဓက ထိုစဉ်က ဟောကြားခဲ့သော တရားတို့မှာ သူ့အဖို့ နားမဝင်၊ ဘဝင်မခိုက်သေးပေ။ ဘဝ၏ဒုက္ခကိုနှစ်ချီ၍ ရင်းပြီးခါမှ လက်တွေ့အသိရလာခြင်းဖြစ်သည်။ ခံစားသိမှ တရားမြင်လိုစိတ် ဖြစ်လာခြင်းကို ဆင်ခြင်မိပေသည်။
×××××
မြတ်စွာဘုရားသခင်၏ ပုရိသလက္ခဏာတော်များ၏ အတင့်အတယ်ကိုမြင်ရသော တက္ကတွန်းကြီး ဥပကသည် စိတ်ထဲ၌ (အာဇီဝကတို့၏အသွင်နှင့် ခြားနားမှုကို ခံစားမိကာ)”သင်၏ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣန္ဒြေ ခြောက်ပါးတို့သည် ကြည်လင်လှကုန်၏။ ကိုယ်ရည်အဆင်းလည်း သန့်ရှင်းစင်ကြယ်လျက် ပြိုးပြိုးပြက်ပြက်ရှိလေ၏။ အဘယ်ဆရာကိုမှီ၍ ရဟန်းပြုခဲ့ပါသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏တရားကို သင်နှစ်သက်ပါသနည်း” ဟု မေးမြန်းလေသည်။ ဗုဒ္ဓက “သမ္မာဘိဘူ သဗ္ဗဝိဒူဟမသ္မိ” အစချီသော ပထမဂါထာဖြင့် ပြောကြား၏။
“ငါဘုရားသည် တရားအားလုံးကို လွှမ်းမိုးစိုးအုပ်တည်သူဖြစ်၏။ အကြွင်းမဲ့သိမြင်သူဖြစ်၏။ ကိလေသာမှ ကင်းစင်သူဖြစ်၏။ တေဘူမက ဝဋ်အပေါင်းတို့မှ ပယ်ပြီးသူဖြစ်၏။ တဏှာကုန်ရာ နိဗ္ဗာန်၌ တည်သူဖြစ်၏။ သို့ရာကား တရားအလုံးကို ဆရာမရှိ သိမြင်ပြီးသူဖြစ်၏။ ငါ၏ဆရာဟု ညွှန်ပြဖွယ်မရှိသည်သာ” ဟု ဆိုမိန့်ခဲ့၏။
ထို့နောက် ဒုတိယဂါထာနှင့် တတိယဂါထာဖြင့် လောက၌ သီလဂုဏ်ဖြင့် ငါဘုရား၏ ကိုယ်စားပြုလောက်သူမရှိ။ ပြိုင်ဘက်မပြု တစ်ဆူတည်းသာဖြစ်သည်ဟု ဆိုမိန့်ပြန်၏။
စတုတ္ထဂါထာ၌ “ငါဘုရားသည် ဓမ္မစကြာတရား ဟောကြားခြင်းငှာ ကာသိတိုင်း ဗာရာဏသီပြည်သို့ သွားပေအံ့=ဓမ္မစက္ကံ ပဝတ္တေတုံ၊ ဝန္တာမိကာသိနံပုရံ” ဟု မိန့်သော် ဥပကတက္ကတွန်းက “သင်သည် အနန္တဉာဏ်ရှင်မာရ်ငါးပါးအောင်မြင်ပြီးသူဖြစ်ပေသည်” ဟု ပြန်ဆို၏။ ဗုဒ္ဓက “မာဒိသာဝေဇိနာဟောန္တိ” အစရှိသော ဂါထာဖြင့် “ငါသည်ကား ဇိနမည်၏။ အာသဝက္ခယဉာဏ်သို့ ရောက်လျက်ရှိ၍ ဇိနအမည်ရှိ၏” ဟု မိန့်တော်မူလေသည်။
ထိုအခါ ဥပက က “သင်ဆိုသည့်အတိုင်း ဟုတ်ရာ၏ – “So be it” ဟုမျှသာဆို၍ တစ်ပါးသောလမ်းဖြင့် သွားလေသည်။
×××××
ဥပကသည် စကဟာရမည်သောရွာသို့ရောက်၍ ထိုရွာရှိ စဏ္ဍာမိ(သားရဲ) မုဆိုး၏ ကိုးကွယ်မှုကိုခံကာ ကျောင်းငယ်တစ်ခု၌နေ၏။ တစ်ကြိမ်တွင် မုဆိုးသည် ဝေးသောတောသို့သွားလိုသည်ဖြစ်၍ သမီးစာပါ(ဆာဝါ) အား သူ၏ဆရာကို ပြုစုလုပ်ကျွေးပါဟု မှာခဲ့၏။ စာပါကား ချောမွေ့လှသူဖြစ်၏။ ဥပကတက္ကတွန်းသည် နောက်တစ်နေ့တွင် ဆွမ်းအလို့ငှာလာလတ်သော် စာပါကိုမြင်လျှင် တပ်မက်သည်ဖြစ်၍ ဆွမ်းခံယူကာ ကျောင်းသို့ပြန်ရောက်သော် မစားနိုင်မူဘဲ ရာဂလောင်၍ အိပ်စက်၍သာနေ၏။
မုဆိုးကြီးပြန်ရောက်သော် တစ်ကြိမ်သာလာရောက်ကြောင်းသိရ၍ ကျောင်းသို့လိုက်ပြီး မေးမြန်းသော် အကြောင်းစုံသိလေသည်။ ဥပကတက္ကတွန်းလည်း “စာပါကို ရပါမှ အသက်ရှင်အံ့၊ မရလျှင် သေရခြင်းက မြတ်၏” ဟု ဆိုသော်မုဆိုးကြီးက “အတတ်ပညာတစ်စုံတစ်ရာ တတ်သိပါ၏လော” ဟု မေးလျှင် “မတတ်” ဟု ဖြေ၏။ သို့သော်”ငါသည် သင်ရရှိသော အသားတို့ကို ထမ်းပိုးဆောင်ယူ၍ ရောင်းချပေးပါမည်” ဟု ဆို၏။
မုဆိုးကြီးလည်း ဥပကတက္ကတွန်းအား လူဝတ်လဲစေပြီး သမီးနှင့်ပေးစားသည်။ ဥပကနှင့် စာပါတို့မှ သားတစ်ယောက် မွေးဖွားလာ၏။ ထိုသားငယ်ကို စာပါသည် ငိုကြွေးသောအခါ “အမဲသားထမ်း၊ တက္ကတွန်း၊ ရဟန်းလူထွက်သား” ဟုဆိုလျက် သိပ်၏။ ထိုသို့ လင်ယောက်ျား၏ ဖြစ်စဉ်ကိုမထီမဲ့မြင်ပြုလေသော် ဥပကလည်း မခံချိဖြစ်လေ၏။ စာပါလည်း အဖန်ဖန်ပင် “မုဆိုးနောက်လိုက်၊ ငါ့ကိုကြိုက်၊ အမိုက်လူထွက်သား” စသဖြင့် ဆိုလတ်ပြန်၏။
တစ်နေ့သော် ဥပကလည်း စာပါအား အသိမပေးဘဲ မဇ္စျိမဒေသမြတ်စွာဘုရားရှိရာ (သာဝတ္ထိဇေတဝန်ကျောင်း) သို့ လိုက်သွားခဲ့လေသည်။
ဘုရားရှင်နှင့်တွေ့လတ်သော် ကြောင်းကျိုးလျှောက်ထားပြီးလျှင် ဘုရား၏အထံ၌ ရဟန်းပြုလေသည်။ ဥပကအား သင့်လျော်သော် ကမ္မဋ္ဌာန်းတရားကို အားထုတ်စေသည်။ တရားအားထုတ်မှုကြောင့် အနာဂါမိဖိုလ်၌ တည်လေသည်။ (အနာဂါမိဖိုလ် = မလာ/မပြန်ခြင်း၏ အကျိုးတရား၌ ဖြစ်သော the fruition of no-returning = ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ရောက်ရှိမလာခြင်းဟူသော မဂ်တရား၏ အကျိုးကျေးဇူး) မဂ် = မဂ္ဂ = လမ်းစဉ် Path တရားကျင့်စဉ် မဂ်ဖိုလ်လေးပါး –
(၁) သောတာပတ္တိ = နိဗ္ဗာန်ကို ရှေးဦးစွာမြင်နိုင်ခြင်းတရားနှင့် အကျိုး။
(၂) သကဒါဂါမိ = ကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေနေရတော့မည့်တရားနှင့် အကျိုး။
(၃) အနာဂါမိ= ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်မလာခြင်း။
(၄) အရဟတ္တ = ကိလေသာကို အကြွင်းမဲ့ပယ်နိုင်သောတရားနှင့်အကျိုး ဥပကရဟန်းပြုပြီးသော် စာပါလည်း နောင်အခါတွင် ဗုဒ္ဓထံရောက်ရှိလာပြီး ဗုဒ္ဓ၏ ဘိက္ခူနီသာသနာ၌ ရဟန်းမိန်းမပြု၍ တရားအားထုတ်လေရာ “စာပါထေရီ” ဟု အမည်တွင်ပြီး မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေသည်။
မောင်ကောင်းမြင့်