ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ်ရောက်လာခဲ့ပါတယ်။ သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာလေးချက်ကို လျှောက်ထားပါတယ်။
ရုပ်ဆိုး ဆင်းရဲ
—————–
၁။ရှင်တော်မြတ်ဘုရား ဒိလောကမှာ အမျိုးသမီးအချို့က အဆင်းမလှပါ၊ အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်ပ့ံကြောင့် ဒီလိုဖြစ်နေရပါသလဲ။
၁။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရနြ်ငိုးထားတတ်တယ်၊ သိသိသာသာအမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။
အဲဒီအမျိုးသမီးက ရဟန်း၊ သူတော်ကောင်းတို့အား ထမင်း၊ အဖျော်၊အဝတ်၊ဖိနပ်၊ ပန်း၊န့့ံသာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါနဝတ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်
(ကိုယ့်ထက်သာမနာလိုတဲ့စိတ်)များနေတယ်၊ သူများလာဘ်ရတာ၊အရိုအသေခံရတာ၊အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာကို ငြူစူနေတယ်(မနာလိုမရူစိတ်ဖြစ်နေတယ်) စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ်အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘဝက စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘဝမှာ အဆင်းမလှ၊ အရုပ်ဆိုးအကျဉ်းတန်ပြီး ဆင်းရဲနွမ်းပါးရတော့တယ်၊ ကိုယ်ပိုင်ပစ္စည်းလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာအရှိန်အဝါလဲ မရှိနိုင်တော့ဘူး။ မလ္လိကာ ဒီလို အကြောင်းအထောက်အပ့ံကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ အရုပ်ဆိုးအကျည်းတန်ပြီး ဆင်းရဲနွမ်းပါးပစ္စည်းဥစ္စာလဲမရှိ၊အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာလဲမရှိဘဲ ဖြစ်နေရတော့တာပဲ။
ရုပ်ဆိုး ချမ်းသာ
—————-Good
၂။ရှင်တော်မြတ်ဘုရား အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုးအကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပါတယ်၊ အသုံးအဆောင်လဲပေါများပါတယ်၊ သြဇာအာဏာလဲရှိပါတယ်၊ ဘယ်လိုအကြောင်းအထောက်အပ့ံကြောင့် ဒီလိုဖြစ်ရပါသလဲ။
၂။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ဒေါသထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ ပေးလှူတတ်တယ်၊ ငြူစူစိတ်(မနာလိုစိတ်)မျိုးမရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ(လိုလားနှစ်သက်တယ်)စိတ်မပြစ်မှား၊ မနာလိုမရူစိတ် အကျိတ်အခဲ မဖြစ်ချေ။
အဲဒီအမျိုးသမီးက အဲဒီဘဝက စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘဝမှာ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင်ပေါများတယ်၊ သြဇာအာဏာလဲ ရှိလာရပါတော့တယ်။ မလ္လိကာ ဒီလိုအကြောင်းအထောက်အပ့ံကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ၊အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင် ပေါများတယ်၊သြဇာအာဏာလဲရှိလာရတော့တာပဲ။
ရုပ်ချော ဆင်းရဲ
—————-
၃။ရှင်တော်မြတ်ဘုရား! အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရုပ်ဆင်းသဏ္ဍာန်အလွန်ပြေပြစ်ပါတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲ မရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်အပ့ံကြောင့် ဒီလိုဖြစ်ရပါသလဲ။
၃။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မမြန်တတ်၊ စိတ်မဆိုးတတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ ပေါ်ပေါ်လွင်လွင် အမျက်မထွက်တတ်၊ မကျေမချမ်းမဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊
ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊
အရိုအသေခံရတာ၊ အလေးပြုခံရတာ၊
မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊
အပူဇော်ခံရတာတွေကို ငြူစူနေတယ်၊
စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘဝက စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘဝမှာ
ရုပ်ချောတယ်၊ အဆင်းလှတယ်၊
ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အဝါလဲ မရှိတော့ဘူး။
မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောရတယ်၊ အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်ရတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲ မရှိတဲ့အပြင် သြဇာအာဏာအရှိအဝါ မရှိဘဲ ဖြစ်နေရတော့တာပဲ။
ရုပ်ချော ချမ်းသာ
——————-
၄။ရှင်တော်မြတ်ဘုရား! အချို့ အမျိုးသမီးကတော့
ရုပ်လဲချောပါတယ်၊ အဆင်းလဲလှပါတယ်၊
ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်ပါတယ်၊
ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝပါတယ်၊
အသုံးအဆောင်လဲ ပေါများပါတယ်၊
သြဇာအာဏာလဲ ရှိပါတယ်
ဘယ်လိုအကြောင်းအထောက်အပ့ံကြောင့် ဒီလိုဖြစ်ရပါသလဲ။
၄။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မဆိုးတတ်၊ စိတ်မမြန်တတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ အမျက်မထွက်တတ် ဒေါသမထွက်တတ်၊
မကျေမချမ်း မဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊
ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊
အပူဇော်ခံရတာတွေကို မငြူစူ၊ စိတ်မပြစ်မှား၊
မနာလို မရူစိတ် အကျိတ်အခဲ ဖြစ်မနေ။
မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘဝက စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘဝမှာ
ရုပ်ချောမယ်၊ အဆင်းလှတယ်၊
ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ပစ္စည်းဥစ္စာလဲ
ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊
သြဇာအာဏာလဲ ရှိလာရတော့တယ်။
မလ္လိကာ ဒီလိုအကြောင်းအထောက်အပ့ံကြောင့်
ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောရတယ်၊
အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်ရတယ်၊
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝရတယ်၊ အသုံးအဆောင်လဲ
ပေါများရတယ်၊ သြဇာအာဏာ အရှိအဝါလဲ ရှိလာရတော့တာပဲ။
မလ္လိကာမိဖုရားကြီးကြည့်ရတာတော့ ရုပ်ဆိုးပုံပေါ်မယ်။
မြတ်စွာဘုရားကို ပွင့်ပွင့်လင်းလင်းလျောက်ထားတယ်။
အရှင်ဘုရား တပည့်တော်က ရှေးဘဝက ဒေါသကြီးသူ၊ စိတ်ပင်ပန်းမူများသူ၊ နည်းနည်းကလေး
အပြောခံရုံနဲ့စိတ်က ခုတတ်သူ၊ စိတ််ဆိုးတတ်သူ၊
စိတ်မြန်သူ၊ ရန်ငြိုးထားတတ်သူ၊ သိသိသာသာ အမျက်ထွက်တတ်သူ၊ ဒေါသဖြစ်တတ်သူ
ဖြစ်လာခဲဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့
တပည့်တော်မက အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်မ ဖြစ်နေလို့ပါဘုရား။
ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊
အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘဝမှာ ချမ်းသာကြွယ်ဝပါတယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘုရား။
နောက်တစ်ခုကလေးဘုရား၊ တပည့်တော်မက
ရှေးဘဝကတုန်းက
ငြူစူစိတ်(ကိုယ့်ထက်သာ မနာလိုစိတ်)
ကင်းခဲ့ဟန်တူပါတယ်ဘုရား။
ယခုဘဝမှာ တပည့်တော်မ တန်ခိုးအရှိန်အဝါကြီးမားပါတယ်ဘုရား။ တပည့်တော်မက ဒီနန်းတော်အတွင်းမှာ လူပေါင်းမြောက်များစွာကို အုပ်စိုးကြီးမူးနေရပါတယ်။ ဘာပဲဖြစ်ဖြစ်ဘုရား
တပည့်တော်မ ဒီနေ့က စလို့ ဒေါသမကြီးသူ၊ စိတ်ပင်ပန်းမူ မများသူ ဖြစ်ပါတော့မယ်၊ အများကြီးအပြောခံရပေမဲ့ စိတ်မခုတော့ပါ၊ စိတ်မဆိုးတော့ပါ၊ စိတ်မမြန်တော့ပါ၊ ရန်ငြိုးမထားတော့ပါ၊
သိသိသာသာအမျက်ထွက်မူ၊ ဒေါသဖြစ်မူ၊ မကျေမချမ်းဖြစ်မူကိုလဲ မပြုတော့ပါဘုရား၊ ရဟန်း၊သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်လှူဒါန်းဖွယ်ရာများကို ပေးလှူပါမယ်ဘုရား၊
ငြူစူစိတ် ကင်းသူဖြစ်ပါတော့မယ် ဟု မြတ်စွာဘုရားအား လျောက်ထားဝန်ခံလိုက်ပါတယ်။
မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော်ကိုလဲ ချီးကျူး၊ သရဏဂုံလည်းတည်ဆောက်ပြီး ဥပါသိကာမအဖြစ်ကိုခံယူသွားပါတော့တယ်။
လပြည့်ဝန်း(သာစည်)
No comments:
Post a Comment