Wednesday, 27 November 2019

ချမ်းသာကြောင်းတရား ၄ ပါး


သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊
သမဂ္ဂါနံ တပေါ သုခေါ

ဗုဒ္ဓါနံ - သဗ္ဗညု ဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရား တို့၏၊ ဥပ္ပါဒေါ -
ဖြစ်ထွန်းပွင့်ပေါ်၍ လာခြင်းသည်၊ သုခေါ -
ရှေးဦးအစ ပဋ္ဌမ ချမ်းသာခြင်းပေတည်း။

သဒ္ဓမ္မဒေသနာ - ဘုရားမြတ်စွာ စိန္တေယျာတို့၏ သူတော်တရား ဟောကြားခြင်းသည်၊
သုခါ - နှစ်ကြိမ်မြောက် သုခ မင်္ဂလာ ပါတည်း။

သံဃဿ - ရှင်အပေါင်း လူအပေါင်း၏၊သာမဂ္ဂီ- ကိုယ်စိတ်နှစ်ရပ် ညီညွတ် ခြင်းသည်၊
သုခါ - ၃ ကြိမ်မြောက် တတိယ သုခချမ်းသာ မင်္ဂလာ ပါတည်း။

သမဂ္ဂါနံ - ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြကုန်သော မြို့သူ၊ရွာသူ၊ တိုင်းနိုင်ငံသူ၊နိုင်ငံသား ရှင်အပေါင်း လူအပေါင်းတို့၏ ၊ တပေါ - ကိလေသာ
တို့ကို ပူပန်စေတတ်သော ဆယ်ရပ်သော ကောင်းမှု ကုသိုလ် အလုပ် အားထုတ်ခြင်းသည်၊ သုခေါ- လေးကြိမ်မြောက် စတုတ္ထ သုခချမ်းသာ မင်္ဂလာပါ တည်း။

No comments:

Post a Comment