Wednesday, 27 November 2019

ရှေးမြန်မာတို ့၏ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ ။


၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၄ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
ရ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
ရ၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = နဝရတ်ရတု

========================================

၁=ပထမ
၂=ဒုတိယ
၃=တတိယ
၄=စတုတ္ထ
၅=ပဥ္စမ
၆=ဆဋ္ဌမ
ရ=သတ္တမ
၈=အဋ္ဌမ
၉=နဝမ
၁၀=ဒဿမ
၁၁=ဧကာဒဿမ
၁၂=ဒွါဒဿမ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဥ္စာဒဿ
၁၆=သေဠာဿ
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုနဝီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မဝီဿ
၂၃=ကြိ၀ီဿ
၂၄=စတုဝီဿ
၂၅=ပဥ္စာဝီဿ
၂၆=ဆဝီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိ ံဿ
၃၀=တိ ံဿ

==========================================

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋ ိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ

တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သချင်္ာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ

No comments:

Post a Comment